၁။ Cupid Media ကိုယ်ရေးလုံခြုံမှု ဖော်ပြချက်
(အောက်တိုဘာလ ၁၈ ရက် ၂၀၂၁ တွင် နောက်ဆုံး ဖြည့်စွက်ပြင်ဆင်ခဲ့သည်)
၁.၁ ပဏာမ
(က) အထွေထွေ
Muslima.com (ဝဘ်ဆိုက်) ကို Cupid Media Pty Ltd ACN 104 844 564 က ပိုင်ဆိုင်ကာ ဦးစီးဆောင်ရွက်ပြီး ယင်းသည် ဩစတြေးလျနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည် (Cupid Media)။ Cupid Media သည် Dating Group of Companies ၏ အစိတ်အပိုင်း ဖြစ်ပါသည်။
Cupid Media သည် သုံးစွဲသူများ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပေးရန် ကတိပြုထားပါသည်။ ဝဘ်ဆိုက်သို့ လာရောက်သူများနှင့် အသုံးပြုသူများသည် ယင်းတို့၏ ကိုယ်ရေးလုံခြုံမှုအပြင် ပေးထားသော မည်သည့်ကိုယ်ရေးအချက်အလက်မဆို၏ လျှို့ဝှက်ထားရှိမှုနှင့် လုံခြုံမှုတို့နှင့်ပတ်သက်၍ စိုးရိမ်ကြကြောင်းကို ကျွန်ုပ်တို့နားလည်ပါသည်။
ကျွန်ုပ်တို့သည် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်၊ ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ရယူခဲ့သည့် တရားစီရင်ပိုင်ခွင့် နယ်မြေများရှိ တည်ဆဲဥပဒေများနှင့်အညီသာလျှင် ကိုယ်ရေးအချက်အလက်ကို ရယူခြင်း၊ အသုံးပြုခြင်းနှင့် ဖွင့်ဟခြင်းတို့ကို ပြုလုပ်ပါမည်။ ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်နှင့် တည်ဆဲဥပဒေတစ်ခုအကြား ကွဲလွဲချက်တစ်ခုခုရှိပါက မည်သည့်ကွဲလွဲချက် အတိုင်းအတာအထိမဆို သက်ဆိုင်ရာဥပဒေက လွှမ်းမိုးမည်ဖြစ်ပါသည်။
(ခ) အဆက်အသွယ်
ကျွန်ုပ်တို့အား ဆက်သွယ်ရန် အသေးစိတ်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
အွန်လိုင်းပံ့ပိုးရေးပုံစံ - ဤနေရာတွင်နှိပ်ပါ (ဝန်ဆောင်မှုကို အမြန်ဆုံးရရှိရန်အတွက် ဤနည်းလမ်းကို အသုံးပြုပါ)
အီးမေးလ် - team@Muslima.com
တယ်လီဖုန်း - +61 7 5571 1181
ဖက်စ်နံပါတ် - +61 7 3103 4000
စာပို့ရန် - Muslima.com, PO Box 9304, Gold Coast MC, QLD 9726, Australia
ညွှန်ကြားရေးမှူး - Kristina Sakunts, William Alena
ကိုယ်ရေးလုံခြုံမှု ကိစ္စများအတွက် အီးမေးလ် - privacy@cupidmedia.com
သင်က ဥရောပသမဂ္ဂဝင် နိုင်ငံတွင် နေထိုင်ခြင်းဖြစ်ပါက အချက်အလက်ကာကွယ်ရေး ကိစ္စများတွင် VeraSafe အား Cupid Media ၏ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပါသည်။ အထက်တွင် ဖော်ပြထားသော ဆက်သွယ်ရန် သတင်းအချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ခြင်းအပြင် သင့်ကိုယ်ရေးအချက်အလက်အား စီစဉ်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သော ကိစ္စများနှင့်စပ်လျဉ်း၍ VeraSafe အား ဆက်သွယ်နိုင်ပါသည်။ ယင်းကဲ့သို့ စုံစမ်းမေးမြန်းမှုတစ်ခုကို ပြုလုပ်ရန်အတွက် ဤဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ VeraSafe အား ဆက်သွယ်ပေးပါ - https://www.verasafe.com/privacy-services/contact-article-27-representative။
အခြားနည်းအားဖြင့် အောက်ပါလိပ်စာတွင် VeraSafe အား ဆက်သွယ်နိုင်ပါသည် -
အမည် - VeraSafe Czech Republic s.r.o
လိပ်စာ - Klimentsk6 46 Prague 1, 11002 Czech Republic သို့မဟုတ်
အမည် - VeraSafe Ireland Ltd
လိပ်စာ - Unit 3D North Point House, North Point Business Park, New Mallow Road, Cork T23AT2P, Ireland.
သင်က ယူနိုက်တက်ကင်းဒမ်းတွင် နေထိုင်သူဖြစ်ပါက ယူနိုက်တက်ကင်းဒမ်း အထွေထွေ အချက်အလက် ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်ပါ အပိုဒ်ခွဲ ၂၇ နှင့်အညီ အချက်အလက် ကာကွယ်ရေး ကိစ္စများအတွက် ယူနိုက်တက်ကင်းဒမ်းတွင် Cupid Media ၏ ကိုယ်စားလှယ်အဖြစ် VeraSafe ကို ခန့်အပ်ထားပါသည်။ ကျွန်ုပ်တို့၏ အထက်ပါ ဆက်သွယ်ရန် သတင်းအချက်အလက်ကို အသုံးပြုခြင်းအပြင် သင့်ကိုယ်ရေးအချက်အလက်ကို စီစဉ်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် VeraSafe ကို ဆက်သွယ်နိုင်ပါသည်။ ယင်းကဲ့သို့သော စုံစမ်းမေးမြန်းမှု တစ်ခုကို ပြုလုပ်ရန်အတွက် ဤဆက်သွယ်ရန် ပုံစံကို အသုံးပြု၍ VeraSafe ကို ဆက်သွယ်ပေးပါ - https://verasafe.com/public-resources/contact-data-protection-representative သို့မဟုတ် +44 (20) 4532 2003 သို့ တယ်လီဖုန်းဆက်၍။
အခြားနည်းအားဖြင့် VeraSafe ကို အောက်ပါလိပ်စာများတွင်လည်း ဆက်သွယ်နိုင်ပါသည် -
VeraSafe United Kingdom Ltd.၁.၂ စုဆောင်းရယူမှုအတွက် အခြေခံ
ဝဘ်ဆိုက်နှင့် Cupid Media နှင့် သက်ဆိုင်သော ဝဘ်ဆိုက်များကိုဖြစ်စေ၊ Dating Group ၏ မည်သည့် အကျိုးတူဝဘ်ဆိုက်ကိုဖြစ်စေ သင်အသုံးပြုစဉ်အတွင်း သင့်ကိုယ်ရေးအချက်အလက်ကို စုဆောင်းရယူပုံနှင့် အသုံးပြုပုံနှင့် သက်ဆိုင်သော Cupid Media ၏ မူဝါဒများကို ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားပါသည်။ "ကိုယ်ရေးအချက်အလက်" နှင့် "အထူးကဏ္ဍ ကိုယ်ရေးအချက်အလက်" တို့ကဲ့သို့သော စကားလုံးများကို ဤမူဝါဒပါ အပိုဒ်ငယ် ၁.၉ တွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
သင့်ကိုယ်ရေးအချက်အလက်ကို စုဆောင်းရယူရာတွင် အောက်ပါပုံစံအတိုင်း ပြုလုပ်မည် ဖြစ်ပါသည် -
(က) ပဋိညာဉ်နှင့်ဆိုင်သော ဝန်ဆောင်မှုများ
သင်က ကျွန်ုပ်တို့၏ဝဘ်ဆိုက် သို့မဟုတ် Cupid Media နှင့် သက်ဆိုင်သော ဝဘ်ဆိုက်များအနက် တစ်ခု သို့မဟုတ် Dating Group က ဦးစီးလုပ်ဆောင်သော ဝဘ်ဆိုက်တစ်ခုမှတဆင့် အကောင့်တစ်ခုကို ဖွင့်ပြီး ကျွန်ုပ်တို့က သင့်ကိုဝန်ဆောင်မှုများပေးရန် တောင်းဆိုပါက ကျွန်ုပ်တို့အနေဖြင့် အောက်ပါတို့ကို ပြုလုပ်ရန် သင့်ကိုယ်ရေးအချက်အလက်ကို စုဆောင်းရယူ အသုံးပြုရန် လိုအပ်မည် ဖြစ်ပါသည် -
(၁) ကျွန်ုပ်တို့နှင့် သင့်အကြား သဘောတူညီချက်ကို ပြုလုပ်ရန်နှင့်
(ခ) တရားဝင် လုပ်ငန်းရည်ရွယ်ချက်များ
သင်နှင့်ကျွန်ုပ်တို့ သဘောတူညီမှုတစ်ခု ပြုလုပ်ရန် သို့မဟုတ် သင့်ကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများပေးရန် ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့က စုဆောင်းရယူခြင်းနှင့် အသုံးပြုခြင်း မပြုပါက အောက်ပါတို့ကို ကျွန်ုပ်တို့ယူဆလျှင် သင့်ကိုယ်ရေးအချက်အလက်ကို စုဆောင်းရယူခြင်းနှင့် အသုံးပြုခြင်း ရှိနေနိုင်ပါသေးသည် -
(၁) ကျွန်ုပ်တို့၏ စုဆောင်းရယူမှုနှင့် အသုံးပြုမှုကြောင့် သင့်အပေါ်တွင် ထိခိုက်နစ်နာဖွယ်ရာ သက်ရောက်မှု ရှိမည်မဟုတ်လျှင်
(၂) ယင်းကဲ့သို့ စုဆောင်းရယူခြင်းနှင့် အသုံးပြုခြင်းသည် သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့အသုံးပြုမှုနှင့် ဆက်စပ်၍ သင်က ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်ထားမည့် အခြေအနေနှင့်အညီ ဖြစ်လျှင်နှင့်
(၃) ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားကို ပြည့်စုံစေရန်အတွက် လိုအပ်လျှင်။
ဥပမာအားဖြင့် ယင်းတွင် ကျွန်ုပ်တို့၏ ဝဘ်ဆိုက် သို့မဟုတ် သင့်ကို ကျွန်ုပ်တို့ပေးသော ဝန်ဆောင်မှုများ၏ အတိုင်းအတာကို ပိုမိုကောင်းမွန်စေရန် သင့်ကိုယ်ရေးအချက်အလက်ကို အသုံးပြုခြင်း ပါဝင်နိုင်ပါသည်။
(ဂ) ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးမှု
ဥပဒေကို လိုက်နာကျင့်သုံးနိုင်စေရန်အတွက် ကျွန်ုပ်တို့အနေဖြင့် သင့်ကိုယ်ရေးအချက်အလက်ကို စီစဉ်ဆောင်ရွက်ရန် လိုအပ်ခြင်း ရှိနိုင်သည့် အချို့သော အခြေအနေများ ရှိပါသည်။ ဥပမာအားဖြင့် တရားရုံး သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ တစ်ခု၏ အမိန့်အရ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်ရမည်ဖြစ်လျှင်။
(ဃ) သင့်သဘောတူညီချက်
ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုကာ အသုံးပြုခြင်းဖြင့် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ စည်းကမ်းချက်များနှင့်အညီ သင့်ကိုယ်ရေးအချက်အလက်ကို စုဆောင်းရယူခြင်းနှင့် အသုံးပြုခြင်းကို သင်က သဘောတူညီခြင်း ဖြစ်ပါသည်။ ဝဘ်ဆိုက် သို့မဟုတ် သက်ဆိုင်ရာ ဝဘ်ဆိုက်တစ်ခုတွင် အကောင့်တစ်ခုဖွင့်ခြင်း သို့မဟုတ် မန်ဘာတစ်ဦးအဖြစ် အကောင့်ဝင်ခြင်းဖြင့် သင့်ကိုယ်ရေးအချက်အလက်နှင့် အထူးကဏ္ဍ ကိုယ်ရေးအချက်အလက်တို့ကို စုဆောင်းရယူခြင်းနှင့် အသုံးပြုခြင်းကို သင်က သဘောတူညီမှုပေးခြင်းပင် ဖြစ်ပါသည်။
သက်ဆိုင်သောဝဘ်ဆိုက် သို့မဟုတ် သက်ဆိုင်ရာဝဘ်ဆိုက်ကို အသုံးပြုခြင်းကို ရပ်တန့်လိုက်ခြင်းဖြင့် မည်သည့်အချိန်တွင်မဆို သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ စုဆောင်းရယူခြင်းနှင့် အသုံးပြုခြင်းအတွက် သင့်သဘောတူညီမှုကို ရုပ်သိမ်းနိုင်ပါသည်။ သင်က အကောင့်တစ်ခု ဖွင့်ခဲ့သော မန်ဘာတစ်ဦး ဖြစ်ပါက သင့်အကောင့်အား အသုံးပြုမှုကို ရပ်တန့်ကာ သင့်အကောင့်ကို ဆိုင်းငံ့ပေးထားရန် သို့မဟုတ် ဖျက်ပေးရန် တောင်းဆိုခြင်းဖြင့် သင့်ကိုယ်ရေးအချက်အလက်နှင့် အထူးကဏ္ဍကိုယ်ရေးအချက်အလက်တို့ကို ကျွန်ုပ်တို့ စုဆောင်းရယူခြင်းနှင့် အသုံးပြုခြင်းအတွက် သင့်သဘောတူညီမှုကို ရုပ်သိမ်းနိုင်ပါသည်။ ဆိုင်းငံ့ပေးထားရန် သို့မဟုတ် ဖျက်ပေးရန် တောင်းဆိုမှုများကို သင့်အကောင့်မှတဆင့်ဖြစ်စေ၊ ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ အပိုဒ်ငယ် ၁.၁(ခ) တွင် ပါဝင်သော ဆက်သွယ်ရန် သတင်းအချက်အလက်ကို အသုံးပြုကာ ကျွန်ုပ်တို့ကို ဆက်သွယ်၍ဖြစ်စေ ပြုလုပ်နိုင်ပါသည်။
သင့်ထံမှ ကျွန်ုပ်တို့ စုဆောင်းရယူထားပြီးဖြစ်သော မည်သည့်ကိုယ်ရေးအချက်အလက်ကိုမဆို ဖျက်ပေးရန်အတွက် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ အပိုဒ်ငယ် ၁.၇(စ) တွင် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်ကို အသုံးပြု၍ တောင်းဆိုမှုတစ်ခုကို ပြုလုပ်ရမည်ဖြစ်ကြောင်း သတိပြုပေးပါ။
၁.၃ အမည်ကို လျှို့ဝှက်ထားခြင်း
Cupid Media မှပေးသော ဝန်ဆောင်မှုများ၏ သဘောသဘာဝကြောင့် သင့်အမည်အပြည့်အစုံကို သိရှိရခြင်းမရှိဘဲ သင့်အားဆက်ဆံရန်မှာ ကျွန်ုပ်တို့အတွက် လက်တွေ့ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရယူရန် သင်စာရင်းသွင်းရာတွင် သင့်ကိုယ်သင် မည်သူဖြစ်ကြောင်း ဖော်ပြရန်နှင့် မှန်ကန်တိကျသော သတင်းအချက်အလက်များကို အသုံးပြုရန် လိုအပ်ပါသည်။
၁.၄ အချက်အလက် ရယူခြင်း
(က) အသုံးပြုသူများအားလုံး
(မန်ဘာမဟုတ်သော အသုံးပြုသူများအပါအဝင်) သင်က ကျွန်ုပ်တို့၏ဝဘ်ဆိုက်သို့ လာရောက်ကြည့်ရှုတိုင်းတွင် အောက်ပါတို့ကဲ့သို့ ဝဘ်ဆိုက်အား သင်အသုံးပြုမှုအကြောင်း ကိန်းဂဏန်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် သတင်းအချက်အလက်ကို ကျွန်ုပ်တို့၏ ဆာဗာများက အလိုအလျောက် မှတ်တမ်းတင်ပါသည် -
(၁) အသုံးပြုခဲ့သော ဘရောက်ဆာ အမျိုးအစား (၂) ညွှန်ပေးသော URL (၃) အိုင်ပီလိပ်စာ (၄) ကြည့်ရှုခဲ့သော စာမျက်နှာ အရေအတွက်နှင့် အမျိုးအစား (၅) လာရောက်ကြည့်ရှုမှုများ၏ နေ့စွဲနှင့်အချိန် တို့အပြင် (၆) ပြန်ထွက်ခွာသည့် URL။
သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ရယူသော ဤသတင်းအချက်အလက်သည် ကိုယ်ရေးအချက်အလက်မဟုတ်ဘဲ မည်သည့်အခြေအနေတွင်မဆို အမည်ကိုလျှို့ဝှက်၍ ထားရှိပါမည်။ အသုံးပြုသည့်အချိန်တွင် သင်က မန်ဘာတစ်ဦးအဖြစ် စာရင်းသွင်းခဲ့ခြင်း သို့မဟုတ် မန်ဘာတစ်ဦးအဖြစ် အကောင့်ဝင်ခဲ့ခြင်း ရှိသည်မှလွဲ၍ အမည်လျှို့ဝှက်ထားသော သတင်းအချက်အလက်ကို အခြားမည်သည့် ကိုယ်ရေးအချက်အလက်နှင့်မျှ ချိတ်ဆက်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ မန်ဘာတစ်ဦးအဖြစ် စာရင်းသွင်းခြင်း သို့မဟုတ် မန်ဘာတစ်ဦးအဖြစ် အကောင့်ဝင်ခြင်းတို့ ကဲ့သို့သောနည်းများဖြင့် သင့်ကိုယ်သင်မည်သူဖြစ်ကြောင်း ဝဘ်ဆိုက်ပေါ်တွင် မဖော်ပြခဲ့ပါက ကျွန်ုပ်တို့၏ဝဘ်ဆိုက်အား သင့်အသုံးပြုမှုမှတ်တမ်းကို ပုဂ္ဂိုလ်ရေးအရ သင်နှင့်ချိတ်ဆက်မည် မဟုတ်ပါ။
(ခ) မန်ဘာများ
မန်ဘာတစ်ဦးအဖြစ် သင်စာရင်းသွင်းရာတွင် မန်ဘာဝင်ခြင်း၏ ခံစားခွင့်အပြည့်အစုံကို သင့်အားပေးနိုင်ရန်အတွက် သင့်အကြောင်း သတင်းအချက်အလက်ကို ကျွန်ုပ်တို့ ရယူပါသည်။ သင်ပထမဆုံး စာရင်းသွင်းချိန်တွင် အမည်ကိုလျှို့ဝှက်ထားသော သတင်းအချက်အလက်ကိုသာမက ကိုယ်ရေးအချက်အလက်ကိုပါ သင့်ထံမှ ကျွန်ုပ်တို့ တိုက်ရိုက်ရယူသလို ယင်းနောက်တွင်လည်း နောက်ထပ်သတင်းအချက်အလက်ကို သင်ကကျွန်ုပ်တို့အားပေးပါက အချိန်နှင့်အမျှ ရယူပါသည်။
Cupid Media က ရယူခြင်းရှိနိုင်သော ကိုယ်ရေးအချက်အလက်တွင် အောက်ပါတို့ ပါဝင်ပါသည် -
(၁) သင့်အမည် အပြည့်အစုံ (၂) သင့်အီးမေးလ်လိပ်စာ (၃) သင်နေထိုင်သည့်လိပ်စာ (၄) သင့်ဖုန်းနံပါတ် (၅) သင့်ဓာတ်ပုံတစ်ပုံ (၆) သင့်အသက် (၇) သင့်အလုပ်အကိုင် (၈) သင့်ပုံပန်းသဏ္ဍာန်အကြောင်း ဖော်ပြချက် (၉) (သင်ကပေးပါက) သင့်ခရက်ဒစ်ကဒ်နှင့် ကျသင့်ငွေကောက်ခံမှု သတင်းအချက်အလက်)။
ဥပဒေနှင့်အညီ ဖြစ်စေရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား သင်ကသင့်လျော်စွာ အသုံးပြုနိုင်စေရန်အတွက် အောက်ပါတို့အပါအဝင် အချို့သောအထူးသတ်မှတ် အုပ်စုဝင် ကိုယ်ရေးအချက်အလက်ကိုလည်း ကျွန်ုပ်တို့ ရယူခြင်း ရှိနိုင်ပါသည် -
(၁) သင့်လူမျိုး သို့မဟုတ် ဇာတိရင်းမြစ် (၂) သင့်နိုင်ငံရေး ထင်မြင်ချက်များ (၃) သင့်ဘာသာရေး ယုံကြည်မှုများ သို့မဟုတ် ဆက်နွယ်မှုများ (၄) သင့်အတွေးအခေါ်ဆိုင်ရာ ယုံကြည်မှုများ သို့မဟုတ် ကုန်သွယ်ရေး သမဂ္ဂ မန်ဘာဝင်မှု (၅) သင့်ကျန်းမာရေး (၆) သင့်လိင်ပိုင်းဆိုင်ရာ နှစ်သက်မှုများ၊ ပြုမူဆောင်ရွက်မှုများ သို့မဟုတ် စိတ်တိမ်းညွှတ်မှု နှင့် (၇) (သင်က ယူအက်စ်အေတွင် နေထိုင်သူဖြစ်ပါက) သင့်ပြစ်မှုမှတ်တမ်း။
ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုကာ အသုံးပြုခြင်းဖြင့် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ စည်းကမ်းချက်များနှင့်အညီ သင့်အထူးသတ်မှတ် အုပ်စုဝင် ကိုယ်ရေးအချက်အလက်အား ရယူခြင်းနှင့် အသုံးပြုခြင်းကို သင်က အတိအလင်း သဘောတူညီခြင်း ဖြစ်ပါသည်။ သင့်အထူးကဏ္ဍ ကိုယ်ရေးအချက်အလက်ကို Dating Group က ထိန်းချုပ်ကာ ဦးစီးလုပ်ဆောင်သည့် အကျိုးတူ ချိန်းတွေ့ခြင်း ဝန်ဆောင်မှုများ အပါအဝင် ကျွန်ုပ်တို့၏ တတိယအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများထံ လွှဲပြောင်းပေးခြင်းကို သင်က အတိအလင်း အသိအမှတ်ပြုကာ သဘောတူညီခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ပေါ်တွင် သင့်အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ကွတ်ကီးများအပြင် pixel tag များ၊ web beacon များ၊ ကိရိယာအိုင်ဒီများ သို့မဟုတ် ကြော်ငြာအိုင်ဒီများ ကဲ့သို့သော အခြားခြေရာခံခြင်း နည်းပညာများကို အသုံးပြုခြင်း ရှိနိုင်ပါသည်။
သင့်ဘရောက်ဆာတွင် သင့်လျော်သော ဆက်တင်ကို ရွေးချယ်ခြင်းဖြင့် ကွတ်ကီးများအသုံးပြုမှုကို သင်ငြင်းဆန်၍ရနိုင်သော်လည်း ယင်းသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့ဝဘ်ဆိုက်၏ လုပ်ဆောင်ချက်အပြည့်အစုံအား သင်အသုံးပြုနိုင်မည်မဟုတ်သည်ကို သတိပြုပေးပါ။
ကျွန်ုပ်တို့၏ဝဘ်ဆိုက်သည် Google Analytics ကို အသုံးပြုပြီး ယင်းသည် ဝဘ်ဆိုက်တွင် အချက်အလက် စီးဆင်းမှုအား အမေရိကန်ပြည်ထောင်စုရှိ Google ဆာဗာများထံသို့ ပေးပို့သော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ Google Analytics သည် အသုံးပြုသူ တစ်ဦးချင်းစီအား အမည်ခွဲခြားဖော်ထုတ်မည် မဟုတ်သလို သင့်အိုင်ပီလိပ်စာကိုလည်း Google တွင် သိမ်းဆည်းထားသော အခြားမည်သည့် အချက်အလက်နှင့်မျှ တွဲဖက်မည်မဟုတ်ပါ။ ဝဘ်ဆိုက်တွင် အချက်အလက် စီးဆင်းမှုနှင့် ဝဘ်စာမျက်နှာ အသုံးပြုမှုကို နားလည်သိရှိအောင် အကူအညီဖြစ်စေရန်အတွက် Google Analytics မှပေးသော အစီရင်ခံစာများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။
သင့် Google အကောင့်အတွက် Ads ဆက်တင်ကို အသုံးပြု၍ မျက်နှာပြင်တွင် ကြော်ငြာပြခြင်း (Display Advertising) အတွက် Google Analytics ကို စိတ်ကြိုက်ပြင်ဆင်ခြင်း သို့မဟုတ် မရွေးဘဲထားခြင်း ပြုလုပ်နိုင်ပါသည်။
အောက်ပါကိစ္စရပ်များတွင် Google Analytics ကို ပံ့ပိုးပေးရန် ကျွန်ုပ်တို့၏ဝဘ်ဆိုက်တွင် ကွတ်ကီးများနှင့် အခြားခြေရာခံခြင်း နည်းပညာများကို အသုံးပြုပါသည် -
(၁) Google ဈေးကွက်တင်ရောင်းချခြင်း ပလက်ဖောင်း (Marketing Platform) ပေါင်းစပ်ဖွဲ့စည်းမှုများ (၂) လူဦးရေ ကိန်းဂဏန်းအချက်အလက်နှင့် စိတ်ဝင်စားမှု အစီရင်ခံခြင်း (၃) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အွန်လိုင်းတွင် ကြော်ငြာရန်အတွက် ပြန်လည်ဈေးကွက်တင်ရောင်းချခြင်းနှင့် Google မျက်နှာပြင်ကွန်ရက် နှစ်သက်မှု အစီရင်ခံခြင်း (Display Network Impression Reporting) တို့ အပါအဝင် မျက်နှာပြင်တွင် ကြော်ငြာပြခြင်း (၄) ကျွန်ုပ်တို့၏ ဝဘ်ဆိုက်သို့ သင်ယခင်က လာရောက်ကြည့်ရှုမှုများအပေါ် မူတည်၍ ကြော်ငြာဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေခြင်းနှင့် တစ်ဦးချင်းအလိုက် ကိုက်ညီစေခြင်း နှင့် (၅) ကြော်ငြာဝန်ဆောင်မှုများအား အသုံးပြုခြင်း၊ ကြော်ငြာနှစ်သက်မှုများနှင့်အတူ ပြန်လှန်တုံ့ပြန်မှုများအပြင် ယင်းတို့နှင့် ကျွန်ုပ်တို့၏ဆိုက်သို့ လာရောက်ကြည့်ရှုမှုများ ဆက်စပ်ပုံတို့ကို အစီရင်ခံခြင်း။
ခွဲခြမ်းစိစစ်မှုများကို ပံ့ပိုးပေးရန်အတွက် အခြားသော တတိယအဖွဲ့အစည်းများကလည်း ကွတ်ကီးများနှင့် အခြားခြေရာခံခြင်း နည်းပညာများကို အသုံးပြုခြင်း ရှိနိုင်ပါသည်။
(ဃ) တတိယအဖွဲ့အစည်း ပြန်လှန်တုံ့ပြန်မှုများ
ခွင့်ပြုထားသော ဝန်ဆောင်မှုပေးသူများ၊ ကြော်ငြာကုမ္ပဏီများ၊ အချက်အလက် စီမံခန့်ခွဲရေး ပလက်ဖောင်းများအပြင် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များပေါ်တွင် ကြော်ငြာများကို ပြသရန်အတွက် ကြော်ငြာကွန်ရက်များ အပါအဝင် တတိယအဖွဲ့အစည်းများကို ကျွန်ုပ်တို့ခွင့်ပြုခြင်း ရှိနိုင်ပါသည်။
အဆိုပါ ကုမ္ပဏီများသည် ယင်းတို့၏ကြော်ငြာများကို ကြည့်ရှုသော သို့မဟုတ် ပြန်လှန်တုံ့ပြန်သော အသုံးပြုသူများအကြောင်း သတင်းအချက်အလက်ကို ရယူရန်အတွက် (ကွတ်ကီးများ၊ pixel tag များ၊ web beacon များ၊ ကိရိယာအိုင်ဒီများ သို့မဟုတ် ကြော်ငြာအိုင်ဒီများ ကဲ့သို့သော) ခြေရာခံခြင်း နည်းပညာများကို အသုံးပြုခြင်း ရှိနိုင်ပါသည်။ ကွတ်ကီးများမှတဆင့် အဆိုပါ တတိယအဖွဲ့အစည်းများက ရယူသော မည်သည့်သတင်းအချက်အလက်မဆိုတွင် အမည်ကို လုံးဝလျှို့ဝှက်ထားမည်ဖြစ်ကာ မည်သူဖြစ်ကြောင်း သိရှိနိုင်စေမည် မဟုတ်ပါ။ အဆိုပါ တတိယအဖွဲ့အစည်းများအတွက် ဥပမာများတွင် အောက်ပါတို့ ပါဝင်ပါသည် - 360, Adobe, Akamai, Appnexus, Baidu, Bing, Cake, Chargeback.com, Criteo, Dating Group, Ecom Services, Facebook, Firebase, Google Ads, Google Ads Manager, Google Analytics, HotJar, Index Exchange, Naver, Olark, Oracle, Publift, Pubmatic, Pusher, RayGun, Rubicon Project, SDL, Sentient, Taboola, TikTok, Twitter, Urban Airship, Visa Inc, Yahoo, Yandex, Zendesk, Zero Bounce။
သင့်ဘရောက်ဆာတွင် သင့်လျော်သော ဆက်တင်ကို ရွေးချယ်ခြင်းဖြင့်ဖြစ်စေ၊ သင့်ပရိုဖိုင်ကို ပိတ်ချခြင်း ဖြင့်ဖြစ်စေ တတိယအဖွဲ့အစည်း အချက်အလက် ရယူမှု အသုံးပြုခြင်းကို ငြင်းဆန်၍ ရနိုင်ပါသည်။
ကျွန်ုပ်တို့၏ဝဘ်ဆိုက်ပေါ်တွင် တတိယအဖွဲ့အစည်း ဝဘ်ဆိုက်များအား သင်ဝင်ရောက်ကြည့်ရှု၍ ရနိုင်သောနေရာများစွာရှိပြီး ယင်းတို့သည် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်အောက်တွင် လုပ်ဆောင်ခြင်းမဟုတ်သလို ယင်းတို့အား ကျွန်ုပ်တို့က ထိန်းချုပ်ခြင်းလည်း မဟုတ်ပါ။ အဆိုပါ တတိယအဖွဲ့အစည်း ဝဘ်ဆိုက်များသည် သင့်ကိုယ်ရေးအချက်အလက်ကို ရယူခြင်း ရှိနိုင်ပါသည်။ သင်ဝင်ရောက်ကြည့်ရှုသော တတိယအဖွဲ့အစည်း ဝဘ်ဆိုက်များအားလုံး၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို စစ်ဆေးကြည့်ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
(င) လူမှုမီဒီယာ
Cupid Media သည် Facebook၊ Twitter၊ YouTube၊ Instagram၊ Pinterest၊ Weibo, TikTok နှင့် အခြားအရာများကဲ့သို့သော လူမှုမီဒီယာဆိုက်များကို ပေါင်းကူးဖော်ပြပါသည်။ အဆိုပါ ဝန်ဆောင်မှုများမှတဆင့် ကျွန်ုပ်တို့၏ဆိုက်မှ သတင်းအချက်အလက်ကို "like" သို့မဟုတ် "share" ပြုလုပ်ရန် ရွေးချယ်ပါက သက်ဆိုင်ရာ ဝန်ဆောင်မှု၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို သင်ပြန်လည်သုံးသပ်သင့်ပါသည်။ သင်သည် လူမှုမီဒီယာဆိုက်တစ်ခုတွင် မန်ဘာတစ်ဦးဖြစ်ပါက ဤဝဘ်ဆိုက်သို့ သင်လာရောက်ကြည့်ရှုမှုများနှင့် အခြားကိုယ်ရေးအချက်အလက်များကို ချိတ်ဆက်ရန်အတွက် ပေါင်းကူးဖော်ပြမှုများက လူမှုမီဒီယာဆိုက်ကို ခွင့်ပြုခြင်း ရှိနိုင်ပါသည်။
၁.၅ ကိုယ်ရေးအချက်အလက်အား ရယူခြင်း၊ သိမ်းဆည်းထားခြင်း၊ အသုံးပြုခြင်းနှင့် ဖွင့်ဟခြင်း၏ ရည်ရွယ်ချက်များ
(က) သင့်ထံမှသာ ရယူခြင်း
ယင်းသို့ပြုလုပ်ရန် ကျိုးကြောင်းဆီလျော်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိပါက ကိုယ်ရေးအချက်အလက်ကို သင့်ထံမှသာ ကျွန်ုပ်တို့ တိုက်ရိုက်ရယူမည် ဖြစ်ပါသည်။
(ခ) ကိုယ်ရေးအချက်အလက်ကို ရယူခြင်း၏ ရည်ရွယ်ချက်များ
အောက်ပါကိစ္စရပ်များအတွက် ကျိုးကြောင်းဆီလျော်စွာ လိုအပ်သော ကိုယ်ရေးအချက်အလက်ကိုသာ ကျွန်ုပ်တို့ ရယူမည် ဖြစ်ပါသည် -
(၁) ကျွန်ုပ်တို့အနေဖြင့် မန်ဘာဝင်ရန် သင့်လျှောက်ထားမှုအား စီစဉ်ဆောင်ရွက်ပေးနိုင်စေရန်နှင့် (အများပြည်သူ မြင်နိုင်သော သင့်ပရိုဖိုင်အား ဖန်တီးခြင်း၊ မန်ဘာများက သင့်လျော်သော မန်ဘာများကို ရှာဖွေနိုင်စေခြင်းနှင့် မန်ဘာများအကြား ဆက်သွယ်ပြောဆိုနိုင်စေမည့် နည်းလမ်းများကိုပေးခြင်းတို့ အပါအဝင်) ကျွန်ုပ်တို့အနေဖြင့် သင့်အား ဝန်ဆောင်မှုများ ပေးနိုင်စေရန် (၂) ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် သင်ပြုလုပ်ထားသော ပရိုဖိုင်တစ်ခုကို Dating Group အဖွဲ့ဝင်တစ်ဦးကပေးသော အခြားဝန်ဆောင်မှု အပါအဝင် ကျွန်ုပ်တို့ ပိုင်ဆိုင်သော၊ ဦးစီးလုပ်ဆောင်သော သို့မဟုတ် အကျိုးတူလုပ်ဆောင်သော အခြားဝဘ်ဆိုက် သို့မဟုတ် ဝန်ဆောင်မှုသို့ အလွယ်တကူ ဆက်ပို့ပေးရန် သို့မဟုတ် လွှဲပေးနိုင်စေရန် (၃) (ဈေးကွက်ကို အပိုင်းအလိုက်ခွဲခြင်းနှင့် ဖောက်သည်တန်ဖိုး စိစစ်ခြင်းတို့ အပါအဝင်) ကျွန်ုပ်တို့၏ ကုမ္ပဏီတွင်း သုတေသနနှင့် ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များ (၄) သင်စိတ်ဝင်စားခြင်းရှိမည်ဟု ကျွန်ုပ်တို့ယုံကြည်သော အခြားသတင်းအချက်အလက် သို့မဟုတ် အရာကို ကျွန်ုပ်တို့အနေဖြင့် သင့်ထံသို့ ဆက်လက်ပေးပို့နိုင်စေရန် (၅) ကျွန်ုပ်တို့ထံသို့ သင်ပြုလုပ်သော ငွေပေးချေမှုများကို စီစဉ်ဆောင်ရွက်ရန်အတွက် ငွေပေးချေမှု စီစဉ်ဆောင်ရွက်သူတစ်ဦးကို ထားရှိနိုင်စေရန် နှင့် (၆) ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ပေါ်တွင် တွေ့နိုင်သော ကျွန်ုပ်တို့၏ ဝဘ်ဆိုက်အား အသုံးပြုရန် စည်းကမ်းချက်များတွင် ဖော်ပြထားသော အခြားမည်သည့် ရည်ရွယ်ချက်အတွက်မဆို
("အဓိက ရည်ရွယ်ချက်")။
(ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်တွင် အတိအကျ ရည်ညွှန်းထားသည်မှလွဲ၍) ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်ကို မည်သည့်တတိယအဖွဲ့အစည်း ထံသို့မဆို ရောင်းချခြင်း သို့မဟုတ် မည်သည့်လုပ်ငန်း ရည်ရွယ်ချက်အတွက်မဆို ကိုယ်ရေးအချက်အလက်ကို တတိယအဖွဲ့အစည်းများထံသို့ပေးခြင်းကို မပြုလုပ်ပါ။
(ဂ) ကိုယ်ရေးအချက်အလက်အား အသုံးပြုခြင်းနှင့် ဖွင့်ဟခြင်း
အဓိက ရည်ရွယ်ချက်အတွက် ကိုယ်ရေးအချက်အလက်ကို အသုံးပြုခြင်းတွင် အလိုအလျောက် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များတွင် ကိုယ်ရေးအချက်အလက်ကို အသုံးပြုခြင်း ပါဝင်မည် ဖြစ်ပါသည်။
အောက်ပါအချက်တစ်ခုနှင့် ကိုက်ညီမှသာလျှင် အဓိကရည်ရွယ်ချက်မဟုတ်သော ရည်ရွယ်ချက်တစ်ခု ("သာမည ရည်ရွယ်ချက်" ဟုခေါ်) အတွက် ကိုယ်ရေးအချက်အလက်ကို အသုံးပြုခြင်း သို့မဟုတ် ဖွင့်ဟခြင်းကို ကျွန်ုပ်တို့ ပြုလုပ်မည်ဖြစ်ပါသည် -
(၁) သာမညရည်ရွယ်ချက်သည် အဓိကရည်ရွယ်ချက်နှင့် ဆက်စပ်နေခြင်းနှင့် ကိုယ်ရေးအချက်အလက်သည် အထူးသတ်မှတ် အုပ်စုဝင် ကိုယ်ရေးအချက်အလက်ဖြစ်လျှင် သာမညရည်ရွယ်ချက်သည် အဓိကရည်ရွယ်ချက်နှင့် တိုက်ရိုက်ဆက်စပ်နေခြင်း နှင့် (၂) သာမညရည်ရွယ်ချက်အတွက် ကိုယ်ရေးအချက်အလက်ကို အသုံးပြုရန် သို့မဟုတ် ဖွင့်ဟရန်အတွက် ကျွန်ုပ်တို့အား သင်က ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်မည်ဖြစ်ခြင်း သို့မဟုတ် (၃) သာမည ရည်ရွယ်ချက်အတွက် အသုံးပြုရန် သို့မဟုတ် ဖွင့်ဟရန် သင်က သဘောတူညီထားခြင်း သို့မဟုတ် (၄) ဥပဒေ၊ စည်းကမ်းသတ်မှတ်ချက် သို့မဟုတ် တရားရုံးအမိန့်အရ ကိုယ်ရေးအချက်အလက်အား အသုံးပြုရန် သို့မဟုတ် ဖွင့်ဟရန် လိုအပ်ခြင်း သို့မဟုတ် ခွင့်ပြုထားခြင်း။
ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား သင့်ထံသို့ အရောင်းမြှင့်တင်ရန်အတွက် Facebook နှင့် Dating Group အတွင်းရှိ အခြားကုမ္ပဏီများ ကဲ့သို့သော တတိယအဖွဲ့အစည်းများထံသို့ (အခြားမည်သည့် ကိုယ်ရေးအချက်အလက်မျှ မပါဘဲ) သင့်အီးမေးလ်လိပ်စာ တစိတ်တပိုင်းကိုသာ ပေးခြင်းရှိနိုင်ပါသည်။ ယင်းမှာ Facebook ၏ Custom Audiences ကဲ့သို့သော ထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် သင့်အား ကျွန်ုပ်တို့ကြော်ငြာပြခြင်းကို ပိုမိုထိရောက်စေရန်အတွက် ဖြစ်ပါသည်။
ထုတ်ပေးထားသော သင့်အီးမေးလ်လိပ်စာ တစိတ်တပိုင်း၏ နှိုင်းယှဉ်ချက်သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား သင့်ထံသို့ အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး အခြားမည်သည့် ရည်ရွယ်ချက်အတွက်မဆို ထိုတတိယအဖွဲ့အစည်းက အသုံးပြုမည် မဟုတ်ပါ။ သင့်အီးမေးလ်လိပ်စာ တစိတ်တပိုင်း၏ နှိုင်းယှဉ်ချက်ကို သင်မည်သူဖြစ်ကြောင်း သို့မဟုတ် သင့်အီးမေးလ်လိပ်စာကို ဖော်ထုတ်ရန် အသုံးပြုမည်မဟုတ်သလို သင့်အကြောင်း နောက်ထပ်မည်သည့် သတင်းအချက်အလက်ကိုမျှလည်း ထိုတတိယအဖွဲ့အစည်းထံသို့ ကျွန်ုပ်တို့ပေးမည် မဟုတ်ပါ။ သင့်ကိုယ်ရေးအချက်အလက်ကို အဖွဲ့တွင်း လွှဲပြောင်းမှုများ ပြုလုပ်မည်ဆိုပါက ယင်းအတွက် သဘောတူညီချက်ပေးရန် သင့်အားပြောပါမည်။
ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ အပိုဒ်ငယ် ၁.၁ (ခ) တွင် ဖော်ပြထားသော ဆက်သွယ်ရန် သတင်းအချက်အလက်ကို အသုံးပြုကာ ကျွန်ုပ်တို့အား ဆက်သွယ်ခြင်းဖြင့် မည်သည့်အချိန်တွင်မဆို သင့်ကိုယ်ရေးအချက်အလက်အား အဓိကနှင့် သာမည ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့အသုံးပြုနိုင်ရန် သင့်သဘောတူညီချက်ကို ရုပ်သိမ်း၍ရနိုင်ပါသည်။ သို့ရာတွင် ယင်းသို့ပြုလုပ်ခြင်းကြောင့် ဝဘ်ဆိုက်နှင့် Cupid Media ၏ ဝန်ဆောင်မှုများကို သင်အသုံးပြုနိုင်မှုအပေါ် သက်ရောက်ခြင်း သို့မဟုတ် အကန့်အသတ်ဖြစ်စေခြင်း ရှိနိုင်ပါသည်။
(ဃ) ကိုယ်ရေးအချက်အလက်ကို သိမ်းဆည်းထားခြင်း
ကျွန်ုပ်တို့ သိမ်းဆည်းထားသော ကိုယ်ရေးအချက်အလက်ကို အောက်ပါကိစ္စများမှ ကာကွယ်နိုင်ရန် အကောင်းဆုံး ဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် ကျိုးကြောင်းဆီလျော်သော အဆင့်များအားလုံးကို ကျွန်ုပ်တို့ အသုံးပြုပါမည် -
(၁) လွဲမှားအသုံးပြုခြင်း၊ ကြားဝင်နှောင့်ယှက်ခြင်းနှင့် ဆုံးရှုံးခြင်း နှင့် (၂) ခွင့်ပြုမထားဘဲ ဝင်ရောက်ကြည့်ရှုခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်း သို့မဟုတ် ဖွင့်ဟခြင်း။
ဖြစ်နိုင်ခြေနည်းသော ကိစ္စတစ်ခုအနေဖြင့် သင့်အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအတွက် အန္တရာယ်ရှိစေနိုင်မည့် ပြင်းထန်သော အချက်အလက် ပေါက်ကြားမှုတစ်ခု ရှိပါက မလိုလားအပ်သော ကြန့်ကြာမှုမရှိစေဘဲ သင့်တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ သင့်လျော်သော ကြီးကြပ်ညွှန်ကြားရေး အာဏာပိုင်အဖွဲ့ထံ ကျွန်ုပ်တို့ အကြောင်းကြားပါမည်။ ပြင်းထန်သော အချက်အလက် ပေါက်ကြားမှုသည် သင့်အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအတွက် ကြီးမားသော အန္တရာယ်ရှိလျှင် ထိုပေါက်ကြားမှုအကြောင်းကို သင့်အားလည်း ကျွန်ုပ်တို့ အသိပေးပါမည်။
(င) နိုင်ငံရပ်ခြား ဖွင့်ဟခြင်းများ
ကျွန်ုပ်တို့အား သင်ပေးထားသော မည်သည့်ပရိုဖိုင် သတင်းအချက်အလက်မဆိုကို ကြည့်ရှုသူ၏ တည်နေရာအပေါ် မူတည်ခြင်းမရှိဘဲ သင့်ပရိုဖိုင်ပေါ်တွင် အများပြည်သူက မြင်ရမည်ဖြစ်ပါသည်။ ပရိုဖိုင်တစ်ခုကို ပြုလုပ်ခြင်းဖြင့် နိုင်ငံရပ်ခြားမှ လက်ခံရရှိသူများက သင့်ပရိုဖိုင်ကို ကြည့်ရှုနိုင်လိမ့်မည်ဖြစ်ကြောင်း သင်အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။
ဖောက်သည်ပံ့ပိုးရေးကို ပြုလုပ်ပေးရန်၊ ရုံးတွင်းလုပ်ဆောင်ချက်များကို ပြုလုပ်ရန်၊ အတုလုပ်မှု ကာကွယ်ရေး ကိစ္စရပ်များကို ပြုလုပ်ရန် သို့မဟုတ် သင့်အားဝန်ဆောင်မှုများ ပေးရန်အတွက် သင့်ပရိုဖိုင် သတင်းအချက်အလက်၊ ကျသင့်ငွေကောက်ခံမှု သတင်းအချက်အလက် သို့မဟုတ် သင်ပေးထားသော အခြားကိုယ်ရေးအချက်အလက်ကို ဝင်ရောက်ကြည့်ရှုနိုင်ရန် ကျွန်ုပ်တို့၏ ဝန်ထမ်းများ သို့မဟုတ် (သင်နေထိုင်သည့်နိုင်ငံမဟုတ်သော နေရာတွင် တည်ရှိနိုင်သော သို့မဟုတ် ယင်း၏ ရင်းမြစ်များရှိနိုင်သော) ဝန်ဆောင်မှုပေးသူများကို ကျွန်ုပ်တို့ခွင့်ပြုရန် လိုအပ်ခြင်း ရှိနိုင်ပါသည်။
သင့်ကိုယ်ရေးအချက်အလက်၏ လုံခြုံမှုကို ကာကွယ်ရန်အတွက် လုံခြုံရေး နည်းလမ်းများကို ကျွန်ုပ်တို့ ဖော်ဆောင်ထားပါသည်။ သို့ရာတွင် မည်သည့် အချက်အလက်လွှဲပြောင်းမှုတွင်မဆို အချက်အလက် ပေါက်ကြားမည့် အန္တရာယ်များ ရှိနေပါသေးသည်။ အထွေထွေ အချက်အလက် ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက် ကော်မရှင် (General Data Protection Regulation Comission) က ပြည့်စုံလုံလောက်သည်ဟု ဆုံးဖြတ်ပေးထားခြင်းမရှိသည့် သို့မဟုတ် သင့်တရားစီပိုင်ခွင့် နယ်ပယ်ရှိ အလားတူ ကြီးကြပ်ညွှန်ကြားရေး အာဏာပိုင်အဖွဲ့၏ စည်းမျဉ်းတစ်ခုဖြင့် ကိုက်ညီခြင်းမရှိသော တတိယအဖွဲ့အစည်းနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ သင့်ကိုယ်ရေးအချက်အလက်ကို လွှဲပြောင်းခံရသည့် ဖြစ်ရပ်များ ရှိနိုင်ပါသည်။ Cupid Media ဝဘ်ဆိုက်ရှိ အသုံးပြုရန် စည်းမျဉ်းများတွင် သတ်မှတ်ထားသော ကျွန်ုပ်တို့၏ ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်နှင့် သင့်အား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ယင်းကဲ့သို့သော လွှဲပြောင်းမှုများကို ကျွန်ုပ်တို့ လိုအပ်ပါသည်။
သင့်ကိုယ်ရေးအချက်အလက်နှင့် အထူးသတ်မှတ် အုပ်စုဝင် ကိုယ်ရေးအချက်အလက်ကို ပေးခြင်းဖြင့် အဆိုပါ အချက်အလက်များအား Dating Group ပါ မည်သည့်အဖွဲ့ဝင်အတွက် ကန့်သတ်ချက်အတွင်းမဆို အပါအဝင် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်နှင့်အညီ နိုင်ငံတကာသို့ လွှဲပြောင်းခြင်းနှင့် စီစဉ်ဆောင်ရွက်ခြင်းတို့တွင် ဆက်စပ်နေသော အန္တရာယ်များအကြောင်းကို အပြည့်အဝ သိရှိနားလည်ကာ ယင်းသို့လွှဲပြောင်းခြင်းများနှင့် စီစဉ်ဆောင်ရွက်ခြင်းများကို အတိအလင်း သဘောတူညီခြင်း ဖြစ်ပါသည်။
ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ အပိုဒ်ငယ် ၁.၁ (ခ) တွင် ဖော်ပြထားသော ဆက်သွယ်ရန် သတင်းအချက်အလက်ကို အသုံးပြုကာ ကျွန်ုပ်တို့အား ဆက်သွယ်ခြင်းဖြင့် မည်သည့်အချိန်တွင်မဆို သင့်သဘောတူညီချက်အား ရုပ်သိမ်း၍ ရနိုင်ပါသည်။ သို့ရာတွင် ယင်းသို့ပြုလုပ်ခြင်းဖြင့် ဝဘ်ဆိုက်နှင့် Cupid Media ၏ ဝန်ဆောင်မှုများအား သင်အသုံးပြုနိုင်မှုအပေါ် သက်ရောက်ခြင်း သို့မဟုတ် အကန့်အသတ်ဖြစ်စေခြင်း ရှိနိုင်ပါသည်။
အခြားသော အခြေအနေများအားလုံးတွင် သတင်းအချက်အလက်အား ဖွင့်ဟခြင်းကို ဥပဒေ၊ စည်းကမ်းသတ်မှတ်ချက် သို့မဟုတ် တရားရုံးအမိန့်အရ လိုအပ်ခြင်း သို့မဟုတ် ခွင့်ပြုထားခြင်း ရှိမှသာလျှင် ကိုယ်ရေးအချက်အလက်ကို တတိယအဖွဲ့အစည်း နိုင်ငံရှိ လက်ခံရရှိသူ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းထံသို့ ကျွန်ုပ်တို့ ဖွင့်ဟမည်ဖြစ်ပါသည်။
(စ) မတောင်းဆိုသော သတင်းအချက်အလက်
သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ရှာဖွေခဲ့ခြင်း သို့မဟုတ် တောင်းဆိုခဲ့ခြင်းမရှိသော ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ရယူကာ ထိုသတင်းအချက်အလက်ကို ရယူရန် ကျွန်ုပ်တို့အား ဥပဒေအရ ခွင့်ပြုထားသည်ဟု ကျွန်ုပ်တို့ဆုံးဖြတ်ပါက ထိုသတင်းအချက်အလက်ကို ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ စည်းကမ်းချက်များနှင့်အညီ ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပါမည်။ အခြားသော အခြေအနေများအားလုံးတွင် သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်ကို ဖျက်ဆီးပစ်ရန် သို့မဟုတ် မည်သူဖြစ်ကြောင်း မသိရှိအောင် ပြုလုပ်ရန်မှာ ဥပဒေနှင့်အညီဖြစ်ကာ ယင်းသို့ပြုလုပ်ရန် ကျိုးကြောင်းဆီလျော်ပါက လက်တွေ့လုပ်ဆောင်နိုင်သည်နှင့် ကျွန်ုပ်တို့ ပြုလုပ်ပါမည်။
(ဆ) လျှို့ဝှက်ထားခြင်းမဟုတ်သော သတင်းအချက်အလက်
မည်သည့် မန်ဘာပရိုဖိုင်တွင်မဆို ထည့်သွင်းရန်အတွက် သင်ကပေးထားသော မည်သည့်အရာ သို့မဟုတ် သတင်းအချက်အလက်မဆိုကို လျှို့ဝှက်ထားရှိခြင်း မဟုတ်သည့်အရာနှင့် ပိုင်ဆိုင်ခွင့် သတ်မှတ်မထားသည့် အရာအဖြစ် ယူဆမည်ဖြစ်ပါသည်။ ယင်းကဲ့သို့သောအရာ သို့မဟုတ် သတင်းအချက်အလက်ကို အကန့်အသတ်မရှိဘဲ ကျွန်ုပ်တို့ အသုံးပြုခြင်း ရှိနိုင်ပါသည်။ အတိအကျအားဖြင့် Cupid Media သည် သင့်ပရိုဖိုင်အား Cupid Media သို့မဟုတ် Dating Group တွင်ပါဝင်သော အခြားမည်သည့် သက်ဆိုင်ရာ ချိန်းတွေ့ဆိုက်မဆိုက ပိုင်ဆိုင်ကာ ဦးစီးလုပ်ဆောင်သော အခြားမည်သည့် သက်ဆိုင်ရာ ချိန်းတွေ့သည့်ဆိုက်သို့မဆို ကူးယူရန်အတွက် (မည်သည့်ပရိုဖိုင် သတင်းအချက်အလက်၊ ဓာတ်ပုံများ၊ ဗွီဒီယို သို့မဟုတ် အသံဖမ်းယူမှုများ အပါအဝင်) ကျွန်ုပ်တို့အား သင်ပေးထားသည့် ယင်းကဲ့သို့သောအရာ သို့မဟုတ် သတင်းအချက်အလက်ကို အသုံးပြုမည် ဖြစ်ပါသည်။ ယင်းကဲ့သို့ သင်ပေးထားသော မည်သည့်အရာ သို့မဟုတ် သတင်းအချက်အလက်ကိုမဆို ဝဘ်ဆိုက်မှ အခြားမန်ဘာများ သို့မဟုတ် အသုံးပြုသူများက ဖတ်ရှုနိုင်ရန် ပြုလုပ်ထားမည် ဖြစ်ပါသည်။
(ဇ) ဆက်သွယ်ပြောဆိုခြင်း
ညွှန်းလိုသော ပရိုဖိုင် ကိုက်ညီမှုများ၊ စိတ်ဝင်စားကြောင်း သတိပေးချက်များ သို့မဟုတ် မက်ဆေ့ဂျ် သတိပေးချက်များ ကဲ့သို့သော လုပ်ဆောင်မှု သတိပေးချက်များအား အသိပေးခြင်း၊ အရောင်းမြှင့်တင်မှုများ သို့မဟုတ် ကမ်းလှမ်းမှုများ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများတွင် အပြောင်းအလဲများ သို့မဟုတ် ထပ်တိုးသည့်အရာများ၊ ကျွန်ုပ်တို့နှင့် လက်တွဲဆောင်ရွက်သော လုပ်ငန်းများ၏ မည်သည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့်မဆို စပ်လျဉ်း၍ ကျွန်ုပ်တို့တွင် သင့်ထံသို့ အီလက်ထရောနစ်စာများပို့ရန် အခွင့်အရေးရှိပါသည်။
သင်သည် ကျွန်ုပ်တို့ဝဘ်ဆိုက်တွင် မန်ဘာတစ်ဦးဖြစ်ပါက မည်သည့် အီးမေးလ်ဆက်သွယ်ပြောဆိုမှု အမျိုးအစားအား သင်ရရှိလိုသည်ကို စိတ်ကြိုက်ပြင်ဆင်ရန်အတွက် "အသိပေးချက်များ" စာမျက်နှာရှိ ဆက်တင်ကို အသုံးပြုခြင်းဖြင့် သင့်အီးမေးလ် ရွေးချယ်မှုများကို စီမံခန့်ခွဲ၍ ရနိုင်ပါသည်။
၁.၆ ကိုယ်ရေးအချက်အလက်ကို ဖျက်ဆီးခြင်း
သင့်ကိုယ်ရေးအချက်အလက်ကို တရားဝင် စီးပွားရေးရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့ လိုအပ်သည့်အချိန်အထိသာ ထိန်းသိမ်းထားမည်ဖြစ်ပြီး ယင်းသည် တည်ဆဲဥပဒေအရ လိုအပ်သည့်အတိုင်း ဖြစ်ပါမည်။ အောက်ပါအခြေအနေများတွင် သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သိမ်းဆည်းထားသော မည်သည့်ကိုယ်ရေးအချက်အလက်ကိုမဆို ဖျက်ရန်အတွက် သင့်လျော်သော အဆင့်များကို ကျွန်ုပ်တို့ လုပ်ဆောင်ပါမည် -
(၁) ကိုယ်ရေးအချက်အလက်အား ရယူခဲ့သော ရည်ရွယ်ချက်များအတွက် ယင်းကို ကျွန်ုပ်တို့ မလိုအပ်တော့ခြင်းနှင့် အဆိုပါအချက်အလက်အား တနည်းနည်းဖြင့် ကျွန်ုပ်တို့ သိမ်းဆည်းထားပိုင်ခွင့် မရှိခြင်း နှင့် (၂) ဥပဒေ၊ စည်းကမ်းသတ်မှတ်ချက် သို့မဟုတ် တရားရုံးအမိန့်အရ ကျွန်ုပ်တို့အနေဖြင့် သတင်းအချက်အလက်ကို ထိန်းသိမ်းထားရန် မလိုအပ်ခြင်း သို့မဟုတ် ဝတ္တရားမရှိခြင်း။
ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်နှင့်အညီ အချို့သော သတင်းအချက်အလက်ကို တတိယအဖွဲ့အစည်းများထံသို့ ပေးထားပါက ထိုသတင်းအချက်အလက်ကို ပြန်လည်ရယူရေးမှာ သက်ဆိုင်ရာ တတိယအဖွဲ့အစည်း၏ မူဝါဒများအရသာလျှင် ဖြစ်ပါမည်။
၁.၇ ဝင်ရောက်ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်းနှင့် ရွှေ့ပြောင်းနိုင်ခြင်း
(က) ကိုယ်ရေးအချက်အလက်အား ဝင်ရောက်ကြည့်ရှုခြင်း
အောက်ပါအခြေအနေများမှလွဲကာ သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ သိမ်းဆည်းထားသော ကိုယ်ရေးအချက်အလက်ကို ဝင်ရောက်ကြည့်ရှုရန် တောင်းဆိုပါက ကျွန်ုပ်တို့ ခွင့်ပေးပါမည် -
(၁) ဝင်ရောက်ကြည့်ရှုခွင့် ပေးခြင်းသည် တရားဥပဒေနှင့်အညီ မဟုတ်ခြင်း သို့မဟုတ် (၂) သက်ဆိုင်ရာ ဥပဒေ၊ စည်းကမ်းသတ်မှတ်ချက် သို့မဟုတ် တရားရုံးအမိန့်တစ်ခုအရ ဝင်ရောက်ကြည့်ရှုခြင်းကို ငြင်းဆန်ရန် လိုအပ်ခြင်း သို့မဟုတ် ခွင့်ပြုထားခြင်း။
သင့်ကိုယ်ရေးအချက်အလက်ကို ဝင်ရောက်ကြည့်ရှုလိုကြောင်း တောင်းဆိုရန်အတွက် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ အပိုဒ်ငယ် ၁.၁ (ခ) တွင် ဖော်ပြထားသော အသေးစိတ်အချက်များကို အသုံးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပေးပါ။
ကျွန်ုပ်တို့အနေဖြင့် ကိုယ်ရေးအချက်အလက်အား ဝင်ရောက်ကြည့်ရှုခြင်းကို ဆိုင်းငံ့ထားရန် လိုအပ်သော အကြောင်းရင်း သို့မဟုတ် ဝတ္တရားအချို့ရှိသည်ဟု ဆုံးဖြတ်လိုက်သည်မှလွဲ၍ သင်တောင်းဆိုပြီးနောက်ပိုင်းတွင် သင့်တောင်းဆိုမှုကို လက်ခံရရှိသည့်နေ့မှ တစ် (၁) လအတွင်း သင့်အားဆက်သွယ်ကာ တောင်းဆိုထားသော ကိုယ်ရေးအချက်အလက်ကို ပေးမည်ဖြစ်ပါသည်။
(ခ) တတိယအဖွဲ့အစည်းထံ ဖွင့်ဟခြင်း
သင့်ကိုယ်ရေးအချက်အလက်ကို မည်သည့် တတိယအဖွဲ့အစည်းထံသို့မျှ ကျွန်ုပ်တို့ မရောင်းချပါ။ ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်တွင် အတိအကျ ရည်ညွှန်းထားသည်မှလွဲ၍ သင့်ကိုယ်ရေးအချက်အလက်ကို အခြားစီးပွားရေး ရည်ရွယ်ချက်များအတွက် အခြားတတိယ အဖွဲ့အစည်းများထံသို့ ဖွင့်ဟခြင်းကိုလည်း ကျွန်ုပ်တို့ မပြုလုပ်ပါ။ သို့ရာတွင် ယင်းသို့ဖြစ်စေကာမူ မည်သည့်အချိန်တွင်မဆို သင့်ကိုယ်ရေးအချက်အလက်အား တတိယအဖွဲ့အစည်း တစ်ခုထံသို့ ရောင်းချခဲ့ခြင်းမရှိကြောင်း အတည်ပြုချက်ကိုပေးရန် တောင်းဆိုခြင်း သို့မဟုတ် မည်သည့်တတိယ အဖွဲ့အစည်းထံသို့မဆို စီးပွားရေးရည်ရွယ်ချက်များအတွက် သတင်းအချက်အလက်ကို ရောင်းချခဲ့ခြင်း သို့မဟုတ် ဖွင့်ဟခဲ့ခြင်းရှိပါက အသေးစိတ်အချက်များကိုပေးရန် တောင်းဆိုခြင်းတို့ကို သင်ပြုလုပ်၍ ရနိုင်ပါသည်။
အထက်တွင် ယင်းကဲ့သို့ ဖော်ပြထားစေကာမူ အချို့သော အခြေအနေများတွင် သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့၏ တတိယအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများ (သင့်ကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပေးနိုင်စေရန်)၊ ကျွန်ုပ်တို့ထိန်းချုပ်သော ချိန်းတွေ့ခြင်း ဝန်ဆောင်မှုများကို ဦးစီးလုပ်ဆောင်သည့် ကျွန်ုပ်တို့၏ အကျိုးတူလုပ်ငန်းများ သို့တည်းမဟုတ် Dating Group ပါ အခြားအဖွဲ့ဝင်များက ရရှိနိုင်သော ပြုလုပ်ပေးခြင်း ရှိနိုင်ပါသည် (ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တစ်ခုပေါ်တွင် သင်ပြုလုပ်ထားသော ပရိုဖိုင်ကို အခြားဝဘ်ဆိုက် သို့မဟုတ် ချိန်းတွေ့သည့် ဝန်ဆောင်မှုတစ်ခုသို့ ဆက်ပို့ပေးရန် သို့မဟုတ် လွှဲပြောင်းပေးရန် သင်ကတောင်းဆိုသည့်အခါတွင်)။
(ဂ) အချက်အလက် ရွှေ့ပြောင်းနိုင်မှု
အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအပေါ် မကောင်းသော သက်ရောက်ခြင်းမရှိသေးသမျှ ကျွန်ုပ်တို့ထံသို့ တောင်းဆိုမှုတစ်ခုကို သင်ကဆက်သွယ်ပြောဆိုပါက -
(၁) သင့်ကိုယ်ရေးအချက်အလက်ကို စီစဉ်ဆောင်ရွက်ရန် အလိုအလျောက် ဆောင်ရွက်သောနည်းလမ်းကို ကျွန်ုပ်တို့ အသုံးပြုထားပါက ယင်းကိုယ်ရေးအချက်အလက်အား ကောင်းစွာစီစဉ်ထားပြီး အများသုံးဖြစ်ကာ စက်ဖြင့်ဖတ်နိုင်သော ပုံစံဖြင့် မိတ္တူတစ်စုံကို သင့်အားပေးမည်ဖြစ်ပါသည် ထို့အပြင် (၂) သင့်တောင်းဆိုမှုအား ရရှိပြီးနောက်တွင် နည်းပညာပိုင်းအရ ပြုလုပ်နိုင်ပါက သင့်ကိုယ်ရေးအချက်အလက်ကို အခြား အချက်အလက် ထိန်းသိမ်းသူထံသို့ တိုက်ရိုက်ပို့ပေးပါမည်။
(ဃ) စီးပွားရေးအရ ထိရှလွယ်သော သတင်းအချက်အလက်
သင့်အား သင့်ကိုယ်ရေးအချက်အလက်ကို ဝင်ရောက်ကြည့်ရှုခွင့် ပေးခြင်းဖြင့် စီးပွားရေးအရ ထိရှလွယ်သော သတင်းအချက်အလက်ကို တွေ့ရှိစေမည်ဖြစ်ပါက ထိုသတင်းအချက်အလက်ကို ဝင်ရောက်ကြည့်ရှုခွင့်အား သင့်ကိုမပေးနိုင်ပါ။ သို့ရာတွင် ကျွန်ုပ်တို့ထိုသို့ ဆုံးဖြတ်ရသည့် အကြောင်းရင်းကို သင့်အားအသိပေးပါမည်။
(င) ကြားခံဆောင်ရွက်ပေးသူများကို အသုံးပြုခြင်း
သင့်အား သင့်ကိုယ်ရေးအချက်အလက်ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုခွင့် မပေးနိုင်ပါက ကြားခံဆောင်ရွက်ပေးသူတစ်ဦး၏ ဝန်ဆောင်မှုများကို အသုံးပြုရန် ကျိုးကြောင်းဆီလျော်မှုရှိလျှင် ယင်းသို့ဆောင်ရွက်ပေးခြင်း ရှိနိုင်ပါသည်။
(စ) ကိုယ်ရေးအချက်အလက်ကို ပြင်ဆင်ခြင်းနှင့် ဖျက်ခြင်း
ကျွန်ုပ်တို့အား သင်ပေးသော သတင်းအချက်အလက်သည် တိကျကြောင်း သေချာစေရန်နှင့် သင့်ကိုယ်ရေးအချက်အလက်အား လိုအပ်သလို ဖြည့်စွက်ပြင်ဆင်ရန်မှာ သင့်တာဝန်ဖြစ်ပါသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကျွန်ုပ်တို့သိမ်းဆည်းထားသော မည်သည့် ကိုယ်ရေးအချက်အလက်ကိုမဆို သင်ကပြင်ဆင်ရန် မဖြစ်နိုင်ပါက အပိုဒ်ငယ် ၁.၁ (ခ) တွင် ဖော်ပြထားသော အသေးစိတ်အချက်များကို အသုံးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပေးပါ။
သင့်တောင်းဆိုမှုကို ရရှိပြီးနောက်တွင် သင့်သတင်းအချက်အလက်ကို မပြင်ဆင်ရန် ကျွန်ုပ်တို့ ရွေးချယ်ပါက ကျွန်ုပ်တို့ ငြင်းဆန်ရသည့် အကြောင်းရင်းနှင့် ကျွန်ုပ်တို့၏ ငြင်းဆန်မှုကို သင်ကန့်ကွက်လိုပါက ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သင့်အားအသိပေးမည် ဖြစ်ပါသည်။
သင့်ကိုယ်ရေးအချက်အလက်ကို ဖျက်ပေးစေလိုပါက အပိုဒ်ငယ် ၁.၁ (ခ) တွင် ပေးထားသော ဆက်သွယ်ရန် သတင်းအချက်အလက်ကို အသုံးပြုခြင်းဖြင့် သင့်တောင်းဆိုမှုကို ကျွန်ုပ်တို့အား ပြောပြပေးပါ။ သင့်ကိုယ်ရေးအချက်အလက်ကိုဖျက်ရန် သင့်လျော်သော အဆင့်များကို ကျွန်ုပ်တို့ မလုပ်ဆောင်မည့် အခြေအနေများမှာ ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ အခြားသတ်မှတ်ချက်၊ GDPR သို့မဟုတ် အခြားမည်သည့် ဥပဒေဆိုင်ရာ အကြောင်းရင်းနှင့်အညီဖြစ်စေ ယင်းအား ကျွန်ုပ်တို့ ထိန်းသိမ်းထားရန် လိုအပ်သည့် အခြေအနေများတွင်သာ ဖြစ်ပါသည်။ သို့ရာတွင် သင့်ကိုယ်ရေးအချက်အလက်အား ကျွန်ုပ်တို့ ဖျက်လိုက်ခြင်းဖြင့် သင့် Cupid Media အကောင့်ကိုပါ ဖျက်လိုက်ခြင်း ဖြစ်နိုင်ပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်ရယူအသုံးပြုနိုင်တော့မည် မဟုတ်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ဖော်ပြချက်နှင့်အညီ တတိယအဖွဲ့အစည်း တစ်ခုသို့ ယခင်က ကျွန်ုပ်တို့ဖွင့်ဟပြီးဖြစ်သော သင့်ကိုယ်ရေးအချက်အလက်ကို ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်ခြင်း ပြုလုပ်ပါက ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်ခြင်းကို တတိယအဖွဲ့အစည်းထံသို့ အကြောင်းကြားရန်နှင့် အလားတူ လုပ်ဆောင်ရန်အတွက် ယင်းတို့အားတောင်းဆိုရန် သင့်လျော်သော အဆင့်များကို ကျွန်ုပ်တို့ လုပ်ဆောင်ပါမည်။
(ဆ) ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန် ငြင်းဆန်ခြင်း
မည်သည့်အချိန်တွင်မဆို သင့်အား သင့်ကိုယ်ရေးအချက်အလက်ကို ဝင်ရောက်ကြည့်ရှုရန် ငြင်းဆန်ခြင်း သို့မဟုတ် ပယ်ချခြင်း ပြုလုပ်ပါက သို့တည်းမဟုတ် သင့်ကိုယ်ရေးအချက်အလက်ကို ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန် ငြင်းဆန်ခြင်း ပြုလုပ်ပါက ယင်းသို့ပယ်ချခြင်း သို့မဟုတ် ငြင်းဆန်ခြင်းအတွက် အကြောင်းရင်းများကို သင့်အားပေးမည် ဖြစ်ပါသည်။
(ဇ) စီစဉ်ဆောင်ရွက်မှုကို တားမြစ်ခြင်း
သင့်ကိုယ်ရေးအချက်အလက်ကို ကိုင်တွယ်ကာ စီစဉ်ဆောင်ရွက်သည့် ပုံစံကို ကန့်သတ်ရန် သို့မဟုတ် တားမြစ်ရန် ကျွန်ုပ်တို့အား သင်တောင်းဆိုနိုင်ပြီး ယင်းသို့တောင်းဆိုပါက အောက်ပါအခြေအနေများတွင်သာ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသည် - သင့်သဘောတူညီချက်ဖြင့်၊ ကျွန်ုပ်တို့အပေါ် ဥပဒေအရ တောင်းဆိုမှုများတွင် သက်သေပြခြင်း၊ ကျင့်သုံးခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်းအတွက်၊ သို့မဟုတ် အခြားသူတစ်ဦး၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက်။
(၁) ကုန်ကျစရိတ်များ
ယင်းနှင့် ဆက်စပ်သော မည်သည့်ဆက်သွယ်ပြောဆိုမှုများမဆို အပါအဝင် သင့်ကိုယ်ရေးအချက်အလက်ကို ဝင်ရောက်ကြည့်ရှုခြင်း၊ ဖျက်ခြင်းနှင့် အမှားပြင်ဆင်ခြင်းတို့အား အခြေခံအားဖြင့် အခမဲ့ပေးမည် ဖြစ်ပါသည်။
သင့်တောင်းဆိုမှုများသည် သဘောအားဖြင့် သိသာထင်ရှားစွာ အခြေအမြစ်မဲ့ခြင်း သို့မဟုတ် (အထူးသဖြင့် ထပ်ခါထပ်ခါ ပြုလုပ်ခြင်းကြောင့်) အလွန်အကျွံဖြစ်ခြင်း ရှိပါက သတင်းအချက်အလက် သို့မဟုတ် ဆက်သွယ်ပြောဆိုမှုကိုပေးခြင်း သို့တည်းမဟုတ် တောင်းဆိုထားသော ကိစ္စရပ်ကို ဆောင်ရွက်ခြင်းအတွက် သင့်လျော်သော အခကြေးငွေအား သင့်ထံမှ ကျွန်ုပ်တို့ ကောက်ခံခြင်း ရှိနိုင်ပါသည်။ သင့်တောင်းဆိုမှုများသည် သဘောအားဖြင့် သိသာထင်ရှားစွာ အခြေအမြစ်မဲ့ခြင်း သို့မဟုတ် အလွန်အကျွံဖြစ်ခြင်း ရှိပါက သင့်တောင်းဆိုမှုကို ကျွန်ုပ်တို့ ငြင်းဆန်ခြင်းလည်း ရှိနိုင်ပါသည်။
(ဈ) သတ်မှတ်ထားသော ကန့်ကွက်ပိုင်ခွင့်များ
အောက်ပါ အကြောင်းရင်းများအတွက် သင့်သဘောတူညီချက်မရှိဘဲ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့စီစဉ်ဆောင်ရွက်ရန် လိုအပ်လာပါက -
(၁) အများပြည်သူ အကျိုးအတွက် ကိစ္စရပ်တစ်ခုကို ဆောင်ရွက်ခြင်း (၂) ကျွန်ုပ်တို့အား အပ်နှင်းထားသော တရားဝင် လုပ်ပိုင်ခွင့်တစ်ခုကို ကျင့်သုံးခြင်း သို့မဟုတ် (၃) ယင်းသို့ပြုလုပ်ရန်မှာ ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားအတွက် သို့မဟုတ် တတိယအဖွဲ့အစည်းတစ်ခု၏ တရားဝင် အကျိုးစီးပွားအတွက်ဖြစ်ခြင်း
ယင်းကဲ့သို့ အသုံးပြုမှုကို သင့်တွင် ကန့်ကွက်ပိုင်ခွင့် ရှိမည်ဖြစ်ပါသည်။
သင့်ကိုယ်ရေးအချက်အလက်အား ကျွန်ုပ်တို့ အသုံးပြုခြင်းကို သင်ကန့်ကွက်ပါက ကျွန်ုပ်တို့အနေဖြင့် ထိုကိုယ်ရေးအချက်အလက်ကို အသုံးပြုရန် ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေအနေများရှိခြင်း သို့တည်းမဟုတ် ဥပဒေဆိုင်ရာ တောင်းဆိုမှုများတွင် သက်သေပြခြင်း၊ ကျင့်သုံးခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်း ပြုလုပ်သည်မှလွဲ၍ သင့်ကိုယ်ရေးအချက်အလက်အား အသုံးပြုခြင်းကို ကျွန်ုပ်တို့ ရှောင်ကြဉ်မည် ဖြစ်ပါသည်။
ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်နှင့်အညီ သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ ရယူထားပြီး (သင်သဘောတူထားသော) တိုက်ရိုက်ဈေးကွက်တင်ရောင်းချခြင်း ရည်ရွယ်ချက်များအတွက် ထိုကိုယ်ရေးအချက်အလက်ကို အသုံးပြုရန် ကျွန်ုပ်တို့ ရွေးချယ်ပါက ယင်းကဲ့သို့သော အသုံးပြုမှုကို မည်သည့်အချိန်တွင်မဆို သင်ကန့်ကွက်ပိုင်ခွင့် ရှိပါသည်။
ကန့်ကွက်တစ်ခုအား လက်ခံရရှိချိန်တွင် ကျိုးကြောင်းဆီလျော်စွာ လက်တွေ့ဆောင်ရွက်နိုင်သည်နှင့် တိုက်ရိုက် ဈေးကွက်တင်ရောင်းချခြင်း ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးအချက်အလက်အား အသုံးပြုခြင်းကို ကျွန်ုပ်တို့ ရပ်ဆိုင်းပါမည်။
၁.၈ တိုင်ကြားမှုများ
(က) တိုင်ကြားမှုတစ်ခုကို ပြုလုပ်ခြင်း
ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်နှင့် ဆန့်ကျင်သော သို့မဟုတ် တည်ဆဲဥပဒေတစ်ခုကို ချိုးဖောက်သော ပုံစံဖြင့် သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုခဲ့ကြောင်း သို့မဟုတ် ဖွင့်ဟခဲ့ကြောင်း သင်ယုံကြည်ပါက privacy@cupidmedia.com တွင် ကျွန်ုပ်တို့ထံသို့ အီးမေးလ်ပို့သင့်ပါသည်။
သင်က ဥရောပသမဂ္ဂဝင် နိုင်ငံတွင် နေထိုင်ပြီး သင့်ကိုယ်ရေးအချက်အလက်နှင့် စပ်လျဉ်း၍ တိုင်ကြားမှု သို့မဟုတ် စုံစမ်းမေးမြန်းမှု တစ်ခုကို ပြုလုပ်လိုပါက ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက်ပါ အပိုဒ်ငယ် ၁.၁ (ခ) တွင် ပါဝင်သော ဆက်သွယ်ရန် သတင်းအချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဥရောပ ကိုယ်စားလှယ်ဖြစ်သော VeraSafe ကိုလည်း ဆက်သွယ်၍ ရနိုင်ပါသည်။
သင့်တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ သက်ဆိုင်ရာ ကြီးကြပ်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ထံသို့လည်း တိုင်ကြားမှုတစ်ခုကိုတင်ရန် သင့်တွင် အခွင့်အရေးရှိပါသည်။ သင့်အတွက် သက်ဆိုင်ရာ ကြီးကြပ်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က မည်သည်ဖြစ်ကြောင်း မသေချာပါက သင့်အား အကူအညီပေးနိုင်ရန်အတွက် ကျွန်ုပ်တို့ကို ဆက်သွယ်ပေးပါ။
(ခ) ကျွန်ုပ်တို့၏ တုံ့ပြန်မှု
သင့်တိုင်ကြားမှုကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သင့်တိုင်ကြားမှုနှင့် ပတ်သက်၍ မည်သည့်ဆောင်ရွက်မှုကို ပြုလုပ်ရန် ကျွန်ုပ်တို့ အဆိုပြုသည်ကို သင့်အား စာဖြင့်ရေးသား အသိပေးမည်ဖြစ်ကာ ကျွန်ုပ်တို့၏ တုံ့ပြန်မှုကို သင်မကျေနပ်ပါက သင်နောက်ထပ်လုပ်ဆောင်နိုင်မည့် အရာအကြောင်း အသေးစိတ်အချက်များကို သင့်အားပေးမည် ဖြစ်ပါသည်။
၁.၉ အဓိပ္ပါယ်ဖွင့်ဆိုချက်များ
"Dating Group" ဆိုသည်မှာ SOL Holdings Limited (No. HE342740, Cyprus) နှင့် ယင်းကထိန်းချုပ်ကာ ဖောက်သည်များအတွက် ချိန်းတွေ့ခြင်း ဝန်ဆောင်မှုများပေးသော ယင်း၏မည်သည့် အကျိုးတူ သို့မဟုတ် သက်ဆိုင်ရာ လုပ်ငန်းမဆိုကို ဆိုလိုပါသည်။
"အထွေထွေ အချက်အလက် ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်" နှင့် "GDPR" ဆိုသည်မှာ ကိုယ်ရေးအချက်အလက်ကို စီစဉ်ဆောင်ရွက်ခြင်းနှင့် အဆိုပါ အချက်အလက်၏ လွတ်လပ်စွာ စီးဆင်းမှုနှင့် စပ်လျဉ်း၍ သာမန်လူများအား ကာကွယ်ခြင်းအတွက် ညွှန်ကြားချက် 95/46/EC ကို ဖျက်သိမ်းကာ ၂၇ ဧပြီလ ၂၀၁၆ တွင် ပြုလုပ်ခဲ့သော ဥရောပ ပါလီမန်နှင့် ကောင်စီ၏ စည်းကမ်းသတ်မှတ်ချက် (EU) 2016/679 ကို ဆိုလိုပါသည်။
"နိုင်ငံတကာ အဖွဲ့အစည်း" ဆိုသည်မှာ အများပြည်သူ နိုင်ငံတကာ ဥပဒေဖြင့် ကြီးကြပ်အုပ်ချုပ်သော အဖွဲ့အစည်းတစ်ခုနှင့် ယင်း၏ လက်အောက်ခံအဖွဲ့များ သို့တည်းမဟုတ် နိုင်ငံနှစ်ခုနှင့် အထက်အကြား ဖွဲ့စည်းထားသော သို့မဟုတ် အခြေခံထားသော အခြားမည်သည့် အဖွဲ့ကိုမဆို ဆိုလိုပါသည်။
"ကိုယ်ရေးအချက်အလက်" မည်သူဖြစ်ကြောင်း သိရှိနိုင်သော သာမန်လူ ('အချက်အလက်ပိုင်ရှင်') တစ်ဦးနှင့် သက်ဆိုင်သော မည်သည့် သတင်းအချက်အလက်မဆို။ မည်သူဖြစ်ကြောင်း သိရှိနိုင်သော သာမန်လူဆိုသည်မှာ အထူးသဖြင့် အမည်တစ်ခု၊ သက်သေခံနံပါတ်တစ်ခု၊ တည်နေရာအချက်အလက်၊ အွန်လိုင်းတွင် ရှာဖွေပေးသူတစ်ဦး ကဲ့သို့သော အချက်အလက်တစ်ခုကို ရည်ညွှန်းခြင်းဖြင့်ဖြစ်စေ၊ ထိုသာမန်လူ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝကမ္မဆိုင်ရာ၊ မျိုးဗီဇဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဓလေ့ထုံးစံဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ သက်သေခံချက် တခုခုနှင့် အထူးသတ်မှတ် အုပ်စုဝင် ကိုယ်ရေးအချက်အလက် ပါဝင်သော တစ်ခုနှင့်အထက်ဖြစ်သည့် အချက်များကို ရည်ညွှန်းခြင်းဖြင့်ဖြစ်စေ မည်သူဖြစ်ကြောင်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သိရှိနိုင်သောသူ တစ်ဦးဖြစ်ပါသည်။
"စီစဉ်ဆောင်ရွက်ခြင်း" အလိုအလျောက် နည်းလမ်းများဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ပေးပို့ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် တနည်းနည်းဖြင့် ရရှိနိုင်စေခြင်း၊ ချိန်ညှိခြင်း သို့မဟုတ် စုပေါင်းခြင်း၊ တားမြစ်ခြင်း၊ ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းအားဖြင့် ရယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ စုစည်းခြင်း၊ တည်ဆောက်ခြင်း၊ သိမ်းဆည်းခြင်း၊ ကိုက်ညီအောင် ပြုလုပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ပြန်လည်ရယူခြင်း၊ ဆွေးနွေးခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟခြင်းတို့ ကဲ့သို့သော ကိုယ်ရေးအချက်အလက် သို့မဟုတ် ကိုယ်ရေးအချက်အလက် စုစည်းမှုများပေါ်တွင် လုပ်ဆောင်သော မည်သည့်လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက် အစုအဝေးကိုမဆို ဆိုလိုပါသည်။
"အထူးသတ်မှတ် အုပ်စုဝင် ကိုယ်ရေးအချက်အလက်" ဆိုသည်မှာ သာမန်လူတစ်ဦးအား သီးခြားအနေဖြင့် မည်သူဖြစ်ကြောင်းဖော်ထုတ်ရန် ရည်ရွယ်ချက်အတွက် လူမျိုး သို့မဟုတ် ဇာတိရင်းမြစ်၊ နိုင်ငံရေး ထင်မြင်ချက်များ၊ ဘာသာရေး သို့မဟုတ် အတွေးအခေါ်ဆိုင်ရာ ယုံကြည်မှုများ၊ ကုန်သွယ်ရေး သမဂ္ဂ မန်ဘာဝင်မှု၊ သင့်ပြစ်မှုမှတ်တမ်း၊ မျိုးဗီဇနှင့် ဇီဝအမှတ်အသား အချက်အလက်၊ ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက် သို့မဟုတ် သင့်လိင်ဘဝ သို့မဟုတ် လိင်စိတ်တိမ်းညွှတ်မှုနှင့် သက်ဆိုင်သော အချက်အလက်ကို ဖော်ပြသည့် ကိုယ်ရေးအချက်အလက်ကို ဆိုလိုပါသည်။
"သက်ဆိုင်ရာဝဘ်ဆိုက်" ဆိုသည်မှာ Cupid Media Pty Ltd ACN 104 844 564 သို့မဟုတ် Dating Group ၏ အဖွဲ့ဝင်တစ်ဦးက ပိုင်ဆိုင်သော၊ ဦးစီးဆောင်ရွက်သော သို့မဟုတ် ထိန်းချုပ်သော အခြားမည်သည့် ဝဘ်ဆိုက်ကိုမဆို ဆိုလိုပါသည်။