လူသားစစ်စစ်၊ ဇာတ်လမ်းစစ်စစ်များ။

Muslima တွင် အချစ်ကို တွေ့ရှိခဲ့သော မန်ဘာများ

ယခုပင် ပါဝင်မည်။
126 ၏ 1 - 6 ကို ဖော်ပြနေပါသည်

သူက ကိုယ့်အတွက် အမျိုးသားပဲဆိုတာကို ချက်ချင်းသိလိုက်ရတယ်

ရုပ်လည်းဖြောင့်ပြီး ကြင်နာတတ်သလို (အပို... ရုပ်လည်းဖြောင့်ပြီး ကြင်နာတတ်သလို (အပိုဆုအနေနဲ့) ကိုယ့်မြို့မှာတင်နေတဲ့ အမျိုးသားတစ်ယောက်ကို သတိပြုမိခဲ့ပြီးတဲ့နောက်မှာ ကျွန်မတို့နှစ်ယောက် တွေ့ဆုံခဲ့ကြပါတယ်။ အရမ်းကို ပျော်ခဲ့ကြရပါတယ်။ ဒီလောက်အထိ ပျော်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ သူက ကိုယ့်အတွက်ပဲဆိုတာကို ချက်ချင်းလိုပဲ သိခဲ့ပါတယ်။ ခုနစ်လကြာပြီးနောက်မှာ လက်ထပ်ခဲ့ကြပါတယ်။ အလ္လာရ်ရှင်မြတ် မစပါစေ။ ဒီဆိုက်က တကယ့်ကို အလုပ်ဖြစ်ခဲ့ပါတယ်။
နောက်ထပ်

လူတိုင်းအတွက် အလုပ်ဖြစ်နိုင်ပါတယ်

ကျွန်တော့်ရဲ့ ဇနီးချောလေးကို Muslima ပေါ်မှာ ရှ&... ကျွန်တော့်ရဲ့ ဇနီးချောလေးကို Muslima ပေါ်မှာ ရှာတွေ့ခဲ့တာပါ။ သူနဲ့ ပထမဆုံးအကြိမ် တွေ့နိုင်ဖို့အတွက် နယူးယောက်ကနေ အိန္ဒိယကို ကျွန်တော်သွားခဲ့ပါတယ်။ သုံးလကြာပြီးနောက်မှာတော့ လက်ထပ်လိုက်ကြပါတယ်။ Muslima ကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ လုံးဝမယုံကြည်ခဲ့တဲ့ ကျွန်တော့်လိုလူအတွက်တောင် အလုပ်ဖြစ်ခဲ့တယ်ဆိုရင် ခင်ဗျားတို့အတွက်လည်း အဆင်ပြေမှာပါ။
နောက်ထပ်

အလ္လာရ်ရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် တစ်ယောက်ကိုတစ်ယောက် ရှာတွေ့ခဲ့ပါပြီ

ဒီ Muslima ဆိုက်မှာ အရာအားလုံး စတင်ခဲ့တာပါ။ ရိုး... ဒီ Muslima ဆိုက်မှာ အရာအားလုံး စတင်ခဲ့တာပါ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီဆိုက်မှာပဲဖြစ်ဖြစ်၊ တခြားဘယ်ချိန်းတွေ့ဆိုက်မှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို တကယ်ရှာတွေ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့တာပါ။ ဒါပေမယ့် အလ္လာရ်ရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့ခဲ့ကြပါတယ်။ ကိုယ်က အမေရိကန်ပြည်ထောင်စုကနေ ဂျော်ဒန်နိုင်ငံ အမ်မန်မြို့ကို အရောက်သွားခဲ့တာပါ။ နှစ်လကြာပြီးတဲ့နောက်မှာတော့ အလ္လာရ်ရှင်မြတ်ရဲ့ အလိုတော်အရ လက်ထပ်ခဲ့ကြပါတယ်။ ကိုယ်က မူဆလင်အိမ်ထောင်ဖက်တစ်ယောက်ကို ရှာနေခဲ့တာဖြစ်ပြီး ဒီနေရာက စရှာဖို့အတွက် နေရာကောင်းဖြစ်မယ်လို့ စဉ်းစားမိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် Muslima ရေ။ Muslima ပေါ်မှာ ကိုယ်ချစ်ရမယ့် ခင်ပွန်းကို ရှာတွေ့ခဲ့ပါပြီ။ လက်ထပ်ခဲ့ကြတာ ငါးလရှိပါပြီ။ ကိုယ်က ဘော့စနီးယားသူဖြစ်ပြီး သူကတူရကီကပါ။ ဒါပေမယ့်အခု ကိုယ်တို့တွေ ဂျာမနီမှာ နေနေကြပါတယ်။ သူကကိုယ့်ကို ဘော့စနီးယားမှာ လာတွေ့ခဲ့တာပါ။ မြင်မြင်ချင်းအချစ် ဖြစ်ခဲ့ပြီး နောက်တစ်နှစ်အကြာမှာပဲ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ ၂၅/၀၅/ မှာ လက်ထပ်ခဲ့ကြတာပါ။ ကိုယ်ပိုင်အိမ်လည်း ရှိနေပြီး မိသားစုလေးတစ်ခု တည်ဆောက်ဖို့ မျှော်လင့်နေပါတယ်။ Muslima ဟာ ခင်ပွန်းကောင်းတစ်ယောက်ကို ရှာဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒီလိုရှာဖို့ အခွင့်အရေးကို ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောက်ထပ်

သူ့ရဲ့ ပထမဆုံးနေ့က ကိုယ့်အတွက်လည်း ပထမဆုံးနေ့ပါပဲ

သူ့ရဲ့ပထမဆုံးနေ့က ကိုယ့်အတွက်လည်း ပထမဆု&#... သူ့ရဲ့ပထမဆုံးနေ့က ကိုယ့်အတွက်လည်း ပထမဆုံးနေ့ ဖြစ်ခဲ့တာပါ။ ကိုယ်က ဒီဆိုက်အကြောင်း ဘာမှမသိသေးသလို အရမ်းလည်း စိတ်လှုပ်ရှားနေခဲ့ပေမယ့် စမ်းသုံးကြည့်လိုက်ပါတယ်။ အလ္လာရ်ရှင်မြတ်ရဲ့ မစမှုနဲ့ ကိုယ့်ခင်ပွန်းက အရင်ဆုံး လာနှုတ်ဆက်ခဲ့တာပါ။ နာရီပေါင်းများစွာကြာအောင် အဆင်ပြေပြေနဲ့ စကားပြောဖြစ်ကြပါတယ်။ နှစ်လကြာပြီးနောက်တော့ အခုအင်္ဂလန်မှာနေတဲ့ ကိုယ့်ခင်ပွန်းက မလေးရှားကို ရောက်လာခဲ့ပါတယ်။ ကိုယ်နဲ့လက်ထပ်ဖို့အတွက် မိသားစုဆီက ခွင့်ပြုချက်တောင်းဖို့လေ။ အလ္လာရ်ရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် ဧပြီလထဲမှာ ကိုယ်တို့လက်ထပ်ဖြစ်ခဲ့ကြပါတယ်။
နောက်ထပ်

ကိုယ်တို့ လက်ထပ်လိုက်ကြပါပြီ။ ကျေးဇူးတင်ပါတယ် Muslima ရေ

အလ္လာရှင်စောင်မပါစေ - ကိုယ်တို့လက်ထပ်လို&... အလ္လာရှင်စောင်မပါစေ - ကိုယ်တို့လက်ထပ်လိုက်ကြပါပြီ။ Muslima ကို ကျေးဇူးတင်ပါတယ် ကိုယ်နဲ့ ကိုယ့်ခင်ပွန်းဖြစ်တဲ့ အက်-ဆာလမ် အလိုင်ကမ် အယ်လ်ဟမ်ဒူလီယာတို့က ဒီဆိုက်ကနေ တွေ့ခဲ့ကြတာဖြစ်ပြီး မတ်လ ၂၀ ရက်နေ့မှာ လက်ထပ်ခဲ့ကြပါပြီ။ ဒီလိုပေါင်းဆုံခွင့် ရတဲ့အတွက် အလ္လာရ်ရှင်ကို ကျေးဇူးတင်ပါတယ်။ အလ္လာရ်ရှင်မြတ်ရဲ့ အကူအညီနဲ့ Muslima ဟာ ကိုယ်တို့နှစ်ယောက် ဆုံနိုင်မယ့်နေရာတစ်ခု ဖြစ်ခဲ့ပြီး ဘဝလက်တွဲဖော်တွေ ဖြစ်လာတာကြောင့် အရမ်းကျေးဇူးတင်မိပါတယ်။ အလ္လာရ်ရှင်မြတ်ရဲ့ ဆန္ဒအတိုင်း လက်ထပ်ဖို့ကို ဆန္ဒရှိတဲ့ မူဆလင်တိုင်းအတွက် ဒီဆိုက်ကို ကိုယ်တို့ညွှန်းချင်ပါတယ်။ ကိုယ်တို့နှစ်ယောက်အပေါ် အလ္လာရ်ရှင်မြတ် လမ်းပြပေးပြီး လက်ထပ်မှုကို နှစ်ပေါင်းများစွာကြာအောင် ခိုင်မြဲနေပါစေ။
နောက်ထပ်

ထုံးတမ်းအစဉ်အလာအတိုင်း စေ့စပ်ခဲ့ကြပါတယ်

ကံကောင်းတဲ့နေ့လေးတစ်နေ့မှာ ကိုယ့်ကိုဖမ&#x... ကံကောင်းတဲ့နေ့လေးတစ်နေ့မှာ ကိုယ့်ကိုဖမ်းစားနိုင်တဲ့ ပရိုဖိုင်တစ်ခုကို မြင်လိုက်ရတယ်။ သူက အခပေးမန်ဘာတစ်ယောက် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကိုယ်မသိတာက သူက သက်တမ်းထပ်တိုးဖို့ ဆန္ဒမရှိတော့ဘဲ နောက်တစ်နေ့မှာပဲ အကောင့်ကို ပိတ်သိမ်းတော့မယ် ဆိုတာကိုပေါ့။ တိုပေမယ့် ကိုယ်ရေးဆန်တဲ့ မက်ဆေ့ဂျ်တစ်ခုကို ကိုယ်ပေးပို့ခဲ့ပါတယ်။ သူကလည်း စာပြန်ခဲ့ပါတယ်။ အွန်လိုင်းမှာ စကားတွေအများကြီး ပြောခဲ့ကြပြီး တစ်လလောက် ကြာပြီးတဲ့နောက်မှာ ကိုယ်တို့နှစ်ယောက်မှာ ထပ်တူညီတဲ့ အရာတစ်ခုခုရှိတယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။ ကိုယ်တွေက အချစ်နဲ့ ဘာသာရေးကို အခြေခံတဲ့ မိသားစုတစ်ခုကို တည်ဆောက်ချင်ကြတာပါ။ ကမ္ဘာပေါ်က အကောင်းစားဆိုတာတွေကို မလိုချင်ပါဘူး။ ဘဝတလျှောက် အေးအတူပူအမျှရှိနေပေးမယ့် အရမ်းချစ်ရတဲ့ သူတစ်ယောက်ကိုပဲ လိုချင်ကြတာပါ။ ကိုယ်တို့အကောင့်တွေကို ပိတ်ခဲ့ကြတယ်။ ကိုယ့်နိုင်ငံကို ပထမဆုံး သူလာမယ့်အစီအစဉ်အတွက်ပဲ အာရုံစိုက်ပြီး ပြောဆိုဖြစ်ကြတယ်။ သူ့ကိုကိုယ် လေဆိပ်မှာသွားကြိုတဲ့အချိန်က ဇွန်လထဲမှာဖြစ်ပြီး ဒါက ကံတရားသက်သက်ကြောင့် ဖြစ်လာတာမဟုတ်ဘူးလို့ ကိုယ်သိခဲ့ပါတယ်။ ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို ပေါင်းဆုံစေခဲ့တာပါ။ အိုင်ယာလန်ကနေ အင်ဒိုနီးရှားကို နာရီ ၃၀ လောက် လေယာဉ်စီးခဲ့ရတာဆိုတော့ သူ့တန်ဖိုးထားမှုကို တွေ့နိုင်ပါတယ်။ ရိုးရာအခမ်းအနားအတိုင်း စေ့စပ်ခဲ့ကြပြီးတော့ သူပြန်သွားပါတယ်။ စာရွက်စာတမ်းတွေနဲ့ လိုအပ်တဲ့အရာတွေအားလုံးကို ပြင်ဆင်ပြီးတဲ့နောက် လက်ထပ်ပွဲကျင်းပဖို့အတွက် သူ့မိဘတွေ၊ အဒေါ်တွေ၊ အစ်မနဲ့ သူငယ်ချင်းတွေနဲ့အတူ ဧပြီလမှာ ပြန်ရောက်လာခဲ့ပါတယ်။ အခုဆိုရင် ကိုယ်တို့က လင်မယားတွေ ဖြစ်နေကြပါပြီ။ သူ့နိုင်ငံကို ကိုယ်လိုက်သွားနိုင်ဖို့အတွက် ဗီဇာရဖို့ နောက်ထပ်ခြောက်လလောက် ထပ်စောင့်လိုက်ရပါတယ်။ အခုချိန်မှာတော့ လင်မယားတွေအဖြစ် ကိုယ်တို့နေနေကြပါပြီ။ ချီးကျူးဂုဏ်ပြုလွှာတစ်စောင်ကို မနှစ်ကထဲက ရေးမလို့လုပ်ပေမယ့် အနည်းဆုံးတော့ လက်ထပ်ပြီးဆယ်နှစ်ပြည့်တဲ့ အချိန်အထိစောင့်ဖို့ သူကပြောတယ်လေ ဝိုး။ ဒါပေမယ့် ကိုယ်တို့အဖြစ်အပျက်က ဘုရားသခင်ဟာ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြောင်း သက်သေဖြစ်တယ်လို့ သူ့ကိုပြောနိုင်ခဲ့ပါတယ်။ ကိုယ်တို့က မူဆလင်ပုံစံအတိုင်း ပိုဖြစ်လာအောင် လုပ်ခဲ့ကြတာပါ။ အခုထိ ရှာဖွေနေကြဆဲဖြစ်တဲ့သူတွေကို ပြောချင်တာကတော့ လက်မလျှော့ဖို့ပါပဲ။ ဆက်ရှာပါ။ ဆုတောင်းပါ။ ခေါင်းမော့ထားပါ။ အမှန်အတိုင်းပြောပါ။ ပြီးတော့ ကံတရားက ကိုယ့်အတွက် ဘာပဲယူဆောင်လာပါစေ အကောင်းမြင်ပေးပါ။ ကံကောင်းကြပါစေ။
နောက်ထပ်